သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်

သံတောင်ကြီး ဇူလိုင် ၁၃

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများရှိ လာသည့်အတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက သံတောင်မြို့ အဝင်အထွက်တွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရီးသွားလာသူများ နှင့် ဆိုင်ကယ်များ၊ ကားများမှ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ လမ်းညွှန်ချက်များနှင့်အညီ သွားလာစေရေး၊ လူဝင်လူထွက်စစ်ဆေးခြင်း ၊ Maskများ စနစ်တကျတပ်ဆင်ပြီး သွားလာစေရေး ၊လက်ကိုမကြာခဏ ဆပ်ပြာနှင့်ဆေးကြောစေရန် စသည့်ကိုဗစ်-၁၉ရောဂါဆိုင်ရန် အသိပညာပေးလုပ်ငန်းများကို သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင် ၊ဌာနဆိုင်ရာများ၊ ခရစ်ယာန် အသင်းတော်မှဆရာတော်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ရပ်မိရပ်ဖများ နှင့် စေတနာ့ဝန်ထမ်း များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)