သံတောင်ကြီးမြို့နယ်၊ သံမိုးတောင်(အောက်)ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ပြန်လည်ထုတ်ပေး

သံတောင်ကြီး ဇူလိုင် ၁၃

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက် ဒေသ ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန် ၊တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန် တကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးရွာမှ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှာ်မှန်းနိုင်သော ဘေးအန္တရာယ် ကျရောက်ပါက တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်မှစတင်၍ ကျေးရွာပေါင်း(၆၄)ရွာတွင် ယူနစ်(၄၉) ယူနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သံမိုးတောင်(အောက်)ကျေးရွာတွင် မြစိမ်း ရောင်ရန်ပုံငွေ ပြန်လည် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း က မြစိမ်းရောင်ကော်မတီများ အချင်းချင်းစည်းလုံးညီညွှတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်အောင် မြင်အောင်ဆောင်ရွက်ကြရန် ၊ စာရင်းဇယားများ ပြည့်စုံစွာဖြည့်သွင်းထားရန် ၊ အသင်းသားများမှလည်း ချေးငွေဖြင့် လုပ်ငန်းများကောင်အထည်ဖော်ဆောင်ရွက်ကြရန် ၊ သတ်မှတ်ကာလအတွင်း အရင်းအတိုး များပြန် လည်ပေးဆပ်ကြရန် ပြောကြားပြီး မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သံမိုးတောင်(အောက်)ကျေးရွာ မြစိမ်းရောင်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူ(၇၂)ဦး အတွက်ငွေကျပ်(၂၁၇)သိန်း ၊ မွေးမြူရေးလုပ်ကိုင်သူ(၉)ဦးအတွက် ငွေကျပ်(၂၂)သိန်း ၊ ရောင်းဝယ်ရေးလုပ် ငန်းလုပ်ကိုင်သူ(၂၇)ဦးအတွက် ငွေကျပ်(၇၉)သိန်း ၊ စုစုပေါင်းငွေကျပ်(၃၁၈)သိန်းအား ထုတ်ချေးပေးခဲ့ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)