သံဖြူဇရပ်မြို့၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနား ပြုလုပ်

သံဖြူဇရပ်  ဇူလိုင်  ၁၅

သံဖြူဇရပ်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   အစည်း အဝေး ခန်းမ၌ ပြုလုပ်သည်။

အဆိုပါ   အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ ဝဲကလီ တတက (၄) တပ်နယ်မှူး ဗိုလ်ချုပ်ကြီးကျော်ကျော်ဦးက  အဖွင့်အမှာစကား ပြောကြား ရာတွင်  ယခုအချိန်သည် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုမြင့်တက်နေပြီး  ပြည်သူလူထုအသက်ဆုံးရှုံးမှု  များပြားနေကြောင်း  ထို့ကြောင့်  အထောက်အကူပစ္စည်းဖြစ်သည့် အောက်ဆီဂျင်လိုအပ်မှုကြောင့်   အောက်ဆီဂျင်စက်ရုံကို    တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ် အစိုးရအနေနဲ့လည်း ယိုးဒယားထုတ်စက်ကိုမှာယူထားပြီးဖြစ်ကြောင်း  ယနေ့ ကျင်းပပြုလုပ်တဲ့ အများပြည်သူလိုအပ်ချက်များကို လှူဒါန်းပေး ပါသော အလှူရှင် မိဘပြည်သူများကို  အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍    အလှူငွေများပေးအပ်ရာ    ပရိယတ္တိသာသနာပါလ   မွန်ကျောင်းဆရာတော်ဂန္တဝါစကပဏ္ဏိတ သံဖြူဇရပ်မြို့နယ် သံဃာ့ နာယက အဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)က  သိန်း (၁၀၀) မတည်၍   ပြည်သူများမှ စုပေါင်းလှူဒါန်းခဲ့ရာ လှူဒါန်းငွေ စုစုပေါင်း သိန်း(၁၀၉၀) ခန့်ရရှိခဲ့ပြီး စက်ရုံတည်ဆောက်မှုတွင် ခန့်မှန်းကုန်ကျငွေ သိန်း(၂၂၀၀)ဖြစ်ပြီး  တစ်နေ့လျှင်(၄၀လီတာ)    အောက်ဆီဂျင်အိုးအလုံး (၆၀)ခန့် ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံကို  မြို့နယ်ပြည်သူ့ဆေးရုံဝင်းတွင်    ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။