ထန်းတပင် (ပဲခူး) ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ထန်းတပင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကုန်စိမ်း၊သား၊ငါးနှင့် ပျံကျဆိုင်များအား နှာခေါင်းစည်းများ တပ်ဆင်ရောင်းချနေမှုများကို ယနေ့နံနက်(၈)နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမူကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲဝင်းထွန်းနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းကိုကို၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးစံသိန်း ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးထူးကိုကိုနှင့် ဈေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသူများ၊ ဈေးသွား၊ ဈေးလာများ နေအိမ်အပြင် ထွက်ခွာပါကနှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသိပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)