ကျောက်တံခါးမြို့ရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Aug 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြား လာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကွင်းနောက်ရပ်ကွက် အတွင်းရှိ လူနေ ထူထပ်သည့် ကြံက္ကတ္တားလမ်း၊ မြို့ပတ်(၁)လမ်း၊ (၂)လမ်း၊ ယုဇနလမ်း၊ ဒေါနလမ်း၊ သီတာလမ်းနှင့် ရေလျှံကျေးရွာများ၌ လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။