ကျောက်ဆည် ဩဂုတ်၅
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင်ရပ်ကွက်များအတွင်းရှိရေမြောင်းများတွင်ရေစီးရေ လာကောင်းမွန်ပြီးလမ်းများ ပေါ်တွင် မိုးရေလျှံမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် Box Culvert တံတားများ ဆောက်လုပ်ပေးလျက်ရှိကြောင်းသိရှိရသည်။
အဆိုပါတံတားများဆောက်လုပ်ရာ၌အေးမြကြည်လင်ရပ်ကွက်တွင် ခွင့်ပြုရန်ပုံငွေကျပ်(၄.၅)သန်းဖြင့် အရှည်(၃၅)ပေ၊ အကျယ်(၄)ပေ၊အမြင့်(၄)ပေတံတား(၂)စင်း၊ ဖောင်ရွာ-ဝေဘူလမ်းပေါ်တွင် ခွင့်ပြုငွေကျပ်(၄.၅) သန်းဖြင့်အရှည်(၃၅)ပေ၊ အကျယ်(၄)ပေ၊အမြင့်(၄)ပေတံတား(၁)စင်း၊ ထန်းဇင်တော် ရေဆိုး ထုတ် မြောင်းပေါ်တွင် ခွင့်ပြုရန်ပုံငွေကျပ်(၃)သန်းဖြင့် အရှည်(၂၀)ပေ၊ အကျယ်(၄)ပေ၊ အမြင့်(၄)ပေ တံတား(၁)စင်း၊ စုကြီးရပ်ကွက်တွင် ခွင့်ပြုရန်ပုံငွေကျပ်(၂.၅)သန်းဖြင့် အရှည်(၁၈)ပေ၊ အကျယ်(၄)ပေ၊ အမြင့်(၄)ပေတံတား (၁)စင်း၊ ဈေးတန်းရပ်ကွက်တွင် ခွင့်ပြုရန်ပုံငွေကျပ်(၃)သန်းဖြင့်အရှည်(၂၀)ပေ၊ အကျယ်(၄)ပေ၊ အမြင့်(၄)ပေ တံတား(၁)စင်း၊ ပေါက်တောရပ်ကွက်တွင် ခွင့်ပြုရန်ပုံငွေကျပ်(၂.၅)သန်းဖြင့်အရှည်(၁၅)ပေ၊ အကျယ်(၄)ပေ၊ အမြင့်(၄)ပေတံတား(၁)စင်း၊ ဆူကုန်းရပ်ကွက်တွင် ခွင့်ပြုရန်ပုံငွေကျပ်(၃)သန်းဖြင့်အရှည်(၂၀)ပေ၊ အကျယ်(၄)ပေ၊ အမြင့်(၄)ပေတံတား(၃)စင်းစုစုပေါင်းBox Culvert တံတား(၁၀)စင်းဆောက်လုပ် ပေး လျှက်ရှိကြောင်းသိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် Box Culvert တံတားများ ဆောက်လုပ်ပြီးစီးပါက ရပ်ကွက်များအတွင်း ဖြတ်သန်းစီးဆင်းနေသောရေမြောင်းများ ရေစီးရေလာပိုမိုကောင်းမွန်ပြီး လမ်းများပေါ်တွင်မိုးရေလျှံမှုကြောင့် လမ်းများပျက်စီးမှုလျော့နည်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။
တင်တင်ထွေး