သတင်းများ

ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေး တတိယနေ့ ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 05,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား တရုတ် ပြည်သူ့သမ္မတ နိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)အား တတိယနေ့ဆက်လက် ထိုးနှံပေးခြင်းကို ကျိန္တလီမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမစုရပ်၌ သြဂုတ် ၄ ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက် အမှတ်(၁)ရပ်ကွက် ၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့အား တစ်ပြိုင်တည်းဆက် လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၂၆)ဦး ထပ်မံတွေ့ရှိ၊ (၁၁)ဦး ပြန်လည်ကျန်းမာလာ
Aug 05,2021
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ယမန်နေ့တွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၂၆)ဦး ထပ်မံတွေ့ရှိပြီး (၁၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်တွင် Stay at Home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပ ထွက်ခွါသွားလာပါက သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ သွားလာမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်
Aug 05,2021
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု များပြားလာသဖြင့် Stay at Home မြို့နယ်အဖြစ်သတ်မှတ်၍ Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှု မရှိစေရေးနှင့် မဖြစ်မနေ ထွက်ခွါသွားလာပါက သတ်မှတ် စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ မြို့နယ်ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်မှစ၍ ကုန်သည်လမ်းနှင့် မီးသွေးတန်း လမ်းဆုံ၊ မြင်းရုပ်မီးပွိုင့်လမ်းဆုံနှင့် အမှတ်(၅)ဈေးတို့တွင် မိုဘိုင်းလှည့်လည်၍ ကွင်းဆင်း စစ်ဆေးခြင်း အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 05,2021
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သက်ဆိုင်ရာ စုရပ်နေရာများ၌ ဦးတည် အုပ်စုများနှင့် ဦးစားပေး အစီအစဉ်များအလိုက် ကာကွယ်ဆေးများ ဆက်လက်ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား အလုပ်သမားများအား ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ သက်ဆိုင်ရာဒေသအသီးသီးသို့ စနစ်တကျဆက်လက်ပို့ဆောင်
Aug 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ ရောက်ရှိ လာသည့် လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားအလုပ်သမား(၈၀)ဦးအား ယမန်နေ့ ညနေ(၄)နာရီခွဲက တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ T.B.C ကားကြီးကွင်း မှတစ်ဆင့် သက်ဆိုင်ရာဒေသအသီးသီးသို့ စနစ်တကျ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။
ဘူးသီးတောင်မြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်
Aug 05,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့ ညနေပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍  အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ Stay at Home ကာလ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာစေရေး အသံချဲ့စက်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 05,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင်  ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်နေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ကြေညာထားရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများ Stay at Home ကာလ သတ်မှတ်ထားသည့်စည်းကမ်းချက်များအတိုင်း သိရှိလိုက်နာ နေထိုင်သွားလာနိုင် စေရန်အတွက် ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်မီးသတ်ဦးစီးဌာန ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းတို့ ပူးပေါင်းအဖွဲ့က ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် အသံချဲ့စက်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုးအတည်ပြုလူနာ (၆၅)ဦး ထပ်မံ စစ်ဆေးတွေ့ရှိ
Aug 05,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါပိုး အတည်ပြုလူနာ (၆၅) ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ  သိရသည်။