လိပ်သို သြဂုတ် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် လိုက်လံအသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့ပေါ်/ရပ်ကွက်များသို့ Hand Speaker ဖြင့် လှည့်လည်၍ ပြည်သူများထံ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးလိုက်လံနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်နှင့် ၀န်ထမ်းများ၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက် မလည်ပတ်ရန်၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်စည်း Mask ကို စနစ်တကျ တပ်ဆင်သွားကြရန်၊ Mask မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း ၊ စျေး၀ယ်ခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန် ၊ အရာ၀တ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာအောင် ဆေးကြောရန် ၊ လက်ကို ဆေးကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သတ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ရန်၊မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေ၀င်လေထွက်ရှိအောင် ဆောင်ရွက်ရန် ၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန် ၊ ကိုဗစ်ရောဂါ သည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် မိဘပြည်သူများမှ ကိုယ်စီ လိုက်နာပူးပေါင်းပါ၀င်ကြစေရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုလည်း မပျက် မကွက်ထိုးနှံကြပါရန် တိုက်တွန်းနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)