ခိုင်ကမ်း ဩဂုတ် ၇
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်နှင့် တွန်းဇန်မြို့နယ်တို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တရုတ်နိုင်ငံထုတ် Sinopharm ကို ယမန်နေ့ ၁၁ နာရီ ခွဲအချိန်က တပ်မတော်လေယာဉ်ဖြင့် ကလေးမြို့လေဆိပ်သို့ ပို့ဆောင်သယ်ယူပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ တပ်မတော်လေယာဉ်ဖြင့်သယ်ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ကလေးမြို့ လေဆိပ်၌ ကလေးပြည်သူ့ဆေးရုံမှ ဒေါက်တာဝင်းချိုချို ၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာ ဇော်မြင့်နိုင် တို့က လွှဲပြောင်းလက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
သို့ဖြစ်၍ Sinopharm ဆေးကို တီးတိန်မြို့နယ်အတွက် (၁၄၂၀) Vail (4BOX)နှင့် တွန်းဇန်မြို့နယ်အတွက် (၅၂၀) Vail (2BOX) တို့ဖြစ်ကြောင်းသိရှိရပြီး ခိုင်ကမ်းမြို့မှ ဆေးပစ္စည်းများ သယ်ဆောင်သည့် မော်တော်ယာဉ်များ နေ့လယ် ၁ နာရီခွဲအချိန်က တီးတိန်မြို့သို့ ထွက်ခွာသွားခဲ့ကြကြောင်း သိရှိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)