မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန်အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်

မချမ်းဘော့    ဩဂုတ် ၇

 

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံရန်မချမ်းဘော့မြို့ပေါ်ရှိရပ်ကွက်များတွင် အသံချဲ့စက်ဖြင့်လှည့်လည် နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅နာရီတွင်ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မချမ်းဘော့မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်၏ဦးဆောင်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတူးဂျာ၊ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဒေါ်ဖုန်ကူးခါ့မိုင်နှင့်ရပ်ကွက်စာ‌ရေးများ တို့ပူးပေါင်း၍ မြို့ ပေါ်ရပ်ကွက်ရှိ လူသွားလူလာများသည့်လမ်းဆုံလမ်းခွများတွင် အသံချဲ့စက်ဖြင့်လိုက်လံအသိပေးနိုး‌ဆော်ခြင်းကို ဩဂုတ်၅ရက်နေ့မှ နေ့စဉ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကာကွယ်ဆေးမထိုးရသေး သည့် နိုင်ငံ့၀န်ထမ်းများ၊ဘာသာရေးအဖွဲ့အစည်းမှ ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ စည်ပင် ဈေးတွင်ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်နှုန်းလျှော့ချစေရန်နှင့်ကိုဗစ်-၁၉ရောဂါကိုမိမိတို့ ကိုယ်တိုင်ကာကွယ်နိုင်စေရန် မိဘပြည်သူများပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို လာရောက်ထိုးနှံနိုင်ရန်နိုးဆော်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တရုတ်နိုင်ငံထုတ်( Sinopharm)ကာကွယ်ဆေးထိုးနှံခြင်းကို ၄-၈-၂၀၂၁ရက်နေ့မှစ၍ ဂူဘားရိပ်သာတွင်စတင်ထိုးနှံလျက်ရှိရာ ယနေ့ထိ ထိုးနှံပြီးသူပေါင်း(၁၅၀)ဦးရှိပြီး ထိုးနှံရန် ကျန်ရှိသူများအား ၇-၈-၂၀၂၁ရက်နေ့တွင် KBCနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၀င်းရှိခန်းမဆောင်တွင် ထိုးနှံမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်