နမ့်ခမ်းမြို့၌  သက်ကြီးရွယ်အိုများ၊ သံဃာတော်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

နမ့်ခမ်း ဩဂုတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ကြိုင်တင် ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရန် ယနေ့နံနက်ပိုင်း (၉)နာရီအချိန်တွင် နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမနှင့် ပေါက်တင်မရပ် လူငယ်ခန်းမတို့၌ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို အဖိုးအဘွားများ ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရေးအတွက် နမ့်ခမ်းခမ်းမြို့ရှိ ပြည်သူများမှ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ကာကွယ် ဆေး အလုံးရေ(၁၁၆၈)လုံးနှင့် လူဦးရေ(၂၃၃၆)ဦးစာကို ထပ်မံရောက်ရှိလာပြီး ထပ်မံရောက်ရှိ လာသည့် ကာကွယ်ဆေးပမာဏနှင့် ထိုးနှံနိုင်သည့် လူဦးရေပမာဏကို မြို့နယ်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာ စိုင်းလှတင် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများနှင့် စကခ(၇)၊ စစ်တပ်ဆေးဆရာဝန်များက ရက်သတ္တပတ်အတွင်း နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစွာ ထိုးနှံနိုင်ရေးကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ နယ်မြေခံ စကခ(၇)၊ တပ်မမှူး ဗိုလ်မှူးချုပ် နေလင်းအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းတို့က ပူးပေါင်းကြီးကြပ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ဘဦး(ပြန်/ဆက်)