မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအသုတ် ဆက်လက်ထိုးနှံပေးမည်

မိုင်းဆတ် ဩဂုတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး (Sinopharm) ဒုတိယ အသုတ်ထိုးနှံခြင်းကို  ဩဂုတ်လ(၈)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ဦးစားပေးအုပ်စုအလိုက် မြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မိုင်းဆတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) တတိယအကြိမ်ထိုးနှံပေးရ မည့်သူ(၃၇၇၈)ဦးရှိသည့်အနက် ဇူလိုင်လ(၃၁)ရက်နေ့မှဩဂုတ်(၅)ရက်နေ့အထိ (၂၀၁၆)ဦးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိသူ(၁၇၆၂)ဦးအား ဩဂုတ်လ(၈)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ထိုးနှံပေးသွားမည်ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဦးစားပေးအုပ်စု အနေဖြင့် အသက်(၆၅)နှစ်အထက်ရှိ ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ထိုးနှံပေးသွား မည်ဖြစ်ပြီး ကျန်ရှိသူများအား နောက်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှသိရသည်။

မြင့်မောင်(မိုင်းဆတ်)