ဟားခါး ဩဂုတ် ၁၄
ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံအတွက် တပ်မတော်မှလှူဒါန်းသည့် Oxygen Plant အား ယနေ့ညနေ ၄ နာရီတွင် စတင်မောင်းနှင်လာပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကျော်အောင် ထံမှ သိရသည်။
အဆိုပါ Oxygen Plant နှင့် ဆက်စပ်ပစ္စည်းများကို ဩဂုတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များက ဟားခါးမြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဥက္ကာသီရိကုမ္ပဏီမှ တာဝန်ယူတပ်ဆင်ပေးခြင်းဖြစ်ကြောင်း၊ Oxygen Plant အား အပြည့်အဝ မောင်းနှင်လည်ပတ်နိုင်လာပါက တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး(၃၄) လုံးဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မောင်တက်လမ်း