ရသေ့တောင်မြို့၌ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဆေးဝါးများပြတ်လပ်မှု မရှိစေရေးနှင့် စျေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

                                                                   

ရသေ့တောင် သြဂုတ် ၁၆

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသ‌ရေး ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိ‌စေရေးနှင့် စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချနိုင်ရေးအတွက် ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များကို ယနေ့ နံနက် ၈ နာရီက ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့်  မြိုနယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနမှ တာဝန် ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များ အနေဖြင့် ဆေးဝါးများရောင်းချရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး၊ စျေးကွက် အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများ သတ်မှတ်အရည်းအသွေးနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေးနှင့် နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေးတို့အတွက် စစ်ဆေး ကြပ်မတ်ဆောင်ရွက်ပေးခဲ့သည်။

ရသေ့တောင်မြို့တွင် ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်()ဆိုင်ရှိပြီး ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများအနေဖြင့် ဆေးဝါးများနှင့် အထောက်အကူပြုပစ္စည်းများအား ဝယ်ယူသုံးစွဲရာတွင် အရည်အသွေးကောင်မွန်ပြီး စျေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဆေးဝါးများ ပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်း - အောင်စံထွန်း

ဓာတ်ပုံ - ထွန်းလင်းကျော်