မင်းပြားမြို့၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် Mask Campaign ပြုလုပ်

မင်းပြား  ဩဂုတ် ၁၇

          ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်တားဆီးရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask)များကိုမဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့်  Mask Campaign ပြုလုပ်ပေးခြင်းကို  ယမန်နေ့နံနက် ၈ နာရီက၊ မင်းပြားမြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၊ ကားဂိတ်နှင့် မြို့ဝင်/ မြို့ ထွက်နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မင်းပြားမြို့၌ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်ဆောင်ရွက်မှုဖြင့် မင်းပြားမြို့နယ်အတွင်းရှိ  မင်းပြားမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  လမ်းညွှန်ချက်များအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း (Mask)မပါရှိသူများအား ပါးစပ်နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေပေးခြင်းအား မြို့နယ် ကိုဗစ်-၁၉ အသိပညာပေးရေးနှင့် သတင်းစုဆောင်းထုတ်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ရွှေဇံ ဦးဆောင်ကာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပညာရေးဌာန၊ သာသနာရေး ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သောအဖွဲ့မှ ကိုဗစ်-၁၉ ဆိုင်ရာကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများ၊ လမ်းသွားလမ်းလာများနှင့် အငှားယာဉ်မောင်းနှင့် သူများကို အပြင် ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်နှင့် နှာခေါင်းစည်း Mask မပါရှိသူများအား ပါးစပ်နှာခေါင်းစည်း (Mask ) အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

သိန်းနုအောင်