ကျောက်ပန်းတောင်း ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဆေးထိုးစုရပ်(၂)ခုခွဲ၍ ထိုးနှံပေးလျက်ရှိရာ၊ ယမန်နေ့က ကာကွယ်ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၁၁၉၈)ဦး ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုး လုပ်ငန်းမျာကို စုရပ်(၂)ခုခွဲ ဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့က အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များနှင့် သာသနာ့ ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့်နိုင်ငံ့ ဝန်ထမ်းမိသားစုများ၊ Volunteer များ၊ ပုဂ္ဂလိက အလုပ်ရုံ၊ စက်ရုံများမှ ဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/ တည်းခိုခန်းဝန်ထမ်း များ၊ Supper Market များမှ အရောင်းဝန်ထမ်းများနှင့် ဈေးသည်များ အစရှိသည့် ဦးစားပေးအုပ်စုဝင် ပြည်သူ စုစုပေါင်း(၁၁၉၈) ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးထိုးစုရပ်များသို့ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်နှင့် မြို့နယ်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင်