မိုးမောက် စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ်တွင် တောင်သူများစပါးမျိုးသန့်များ လွယ်ကူ စွာဝယ်ယူရရှိစေရန် ၊ မျိုးသန့်အသုံးပြုခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားပြီး ထွက် ကုန်အရည်အသွေး ကောင်းမွန်စေရန်အတွက် ယမန်နေ့ နံနက် ၈ နာရီတွင် မိုးစပါး ဆင်းဧက ရီ(၃) မျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းမျိုးကွဲနုတ်ပယ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးဆင်းဧကရီ(၃) မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း မျိုးကွဲနုတ်ပယ်ခြင်းကိုအလင်း ကောင်ရပ်ကွက် ကွင်းအမှတ် ၁၇၂ တောင်သူ ဦးသောင်းရွှေ၏ ဆင်းဧကရီ(၃) Rs မျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်း (၁၀)ဧကအတွင်း ပထမအကြိမ် ဆောင်ရွက်ခဲ့သည်။
မျိုးကွဲနုတ်ပယ်ခြင်း အခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စားဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထိုက် ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတောက်ထွန်းနှင့်ဝန်ထမ်းများ ၊ ဒေသခံတောင်သူများတက် ရောက်ခဲ့ကြောင်းသိရသည်။
သဲစုမိုး (ပြန်/ဆက်)