ဇလွန် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများက မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်များ စုပေါင်းလှူဒါန်းသော ဆန်အိတ် ( ၃၀၃ ) အိတ်၊ ဆီ ( ၄၄၉ ) ပိဿာ၊ ပဲ ( ၈၄၈ ) ပိဿာ၊ ဆား (၂၅၃) ပိဿာ၊ ကြက်သွန် ( ၅၀၀ )ပိဿာ တို့အားလှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးဝန်းအတွင်းရှိ မဟာအတုလဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဥက္ကဋ္ဌဆရာတော် ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ပြီး၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ စေတနာရှင် ပြည်သူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဥက္ကဋ္ဌဆရာတော်က အနုမောဒနာတရားချီးမြှင့်ခဲ့ပြီး ကုသိုလ်ကောင်းမှု အစုစုတို့ အတွက် ရေစက်ချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝေယံ