ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာများရှိ ပြည်သူများ အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ  အခမဲ့ စစ်ဆေးဆောင်ရွက်

မောင်‌တော စက်တင်ဘာ  ၁၄

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  ကညင်တော ကျေးရွာ နှင့် ပေါင်းစားကျေးရွာရှိ ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီ အချိန်က  အဆိုပါ ကျေးရွာ များရှိ သတ်မှတ်စုရပ် နေရာ များတွင်  ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ပေး ခဲ့ကြ ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ် ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကညင်တော ကျေးရွာရှိ ပြည်သူများထဲမှ မိမိသဘော ဆန္ဒအရ လာရောက် စစ်ဆေးခံသူ(၂၃)ဦး နှင့် ပေါင်းစားကျေးရွာရှိ ပြည်သူများ အထဲမှ မိမိသဘော ဆန္ဒအရ လာ ရောက် စစ်ဆေးသူ (၄၀)ဦး စုစုပေါင်း (၆၃) ဦး အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  ၎င်းတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာမှ သိရ သည်။  

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

သက်လွင်စိုး