သတင်းများ

ပိုင်ကျုံမြို့ အထကကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ
Sep 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် သံဃာတော်များ၊  အသက်(၆၅)နှစ ်အထက်   သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါ    ကာကွယ် ဆေးထိုးနှံခြင်းကို    ယနေ့နံနက်(၉)နာရီအချိန်တွင်  ပိုင်ကျုံမြို့  အခြေခံပညာ အထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။ 
တောင်တွင်းကြီးမြို့နယ်တွင် ရွေ့လျားယာဉ်ဖြင့် ကျေးရွာများသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်
Sep 15,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် တွင်ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်‌နိုင် ရေးအတွက် ပူးပေါင်း အဖွဲ့ကရွေ့လျားယာဉ်ဖြင့်အခမဲ့ ကိုဗစ်- ၁၉ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကတောင်တွင်းကြီးမြို့နယ် အတွင်းရှိကျေးရွာများမှ ဒေသခံကျေး လက်နေ ပြည်သူများ ကိုဗစ်- ၁၉ရောဂါကင်းဝေးစေရေး RDT (Test Kits) ဖြင့် ရောဂါရှာဖွေစစ် ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်အတွင်းလုပ်ငန်းဆောင်မှုမှတ်တမ်ဓာတ်ပုံများနှင့်COVID-19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်များ ပြသ
Sep 15,2021
မြို့နယ်အတွင်းလုပ်ငန်းဆောင်မှုမှတ်တမ်ဓာတ်ပုံများနှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်ချက် များကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦး စီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နက်(၁၀)နာရီအချိန် က ပြသဆောင်ရွက် ခဲ့သည်။
ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအား ပထမအကြိမ် ထပ်မံထိုးနှံပေး
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရ သေးသူများအား ပထမအကြိမ် ထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက စတင်ကာ ဖြူးမြို့ မိုးလုံလေလုံ အားကစားရုံ၊ ဇေယျဝတီမြို့၊ ကညွတ်ကွင်းမြို့၊ ညောင်ပင်သာဒေသနှင့် ကျော်လှကျေးရွာ တို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော်လည်း ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ
Sep 15,2021
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျှော့ချနိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှဦးဆောင်၍ အသံချဲ့စက်၊ လက်ကမ်းစာစောင် စသည့် အသိပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက်လျက် ရှိသလို ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူများတွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်။
နောင်တရားချောင်းအတွင်းသို့ ငါးသားပေါက်(၈၀၀၀)ကျော် လွှတ်ပေး
Sep 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အတွင်းသို့ ဖြတ်သန်းစီးဆင်းနေသည့် နောင်တရားချောင်းအတွင်းသို့ ငါးမျိုးစိတ်များ မပျောက်ကွယ်စေရေးအတွက် ဒေသခံများက ငါးသားပေါက်များလွှတ်ပေး ခဲ့သည်။
ဒက္ခိဏသီရိမြို့နယ်တွင် မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက်အသက်ကြီးသူများကို ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံ​ပေးလျက်ရှိ
Sep 15,2021
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက် အသက်ကြီးသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ထိုးနှံပေးလျက်ရှိသည်။
ချောင်းသာမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း (၃၂) ကျောင်းသို့ ဆန် နှင့်စားသောက်ကုန်များ လှူဒါန်း
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲစသည့် စားသောက်ကုန်များလှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၉)နာရီခွဲ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ လက်ဝယ်အရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။