သတင်းများ

မိုးညှင်းမြို့၌ လူကုန်ကူးခံရသူ အမျိုးသမီးငယ်တစ်ဦးအား ထောက်ပံ့ငွေများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်
Sep 16,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ လူကုန်ကူးခံရသူ အမျိုးသမီးငယ်တစ်ဦးအား ထောက်ပံ့ငွေများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၉)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြင်းခြံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးအုပ်စုများနှင့်အညီ ဒုတိယအကြိမ်ထိုးနှံ 
Sep 16,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုများနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ‌ပေးခြင်းကို ဩဂုတ် ၂၉ရက်နေ့မှစ၍ နေ့စဉ် နံနက် (၉) နာရီမှ (၁၁) နာရီခွဲအထိ မြို့နယ်အတွင်းရှိ စုရပ်နယ်မြေများအလိုက် သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။ 
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များအား ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ လှူဒါန်း
Sep 16,2021
နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံတဝှမ်း ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါကာလ အတွင်း တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဝါဆိုတော်တော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင် ဆရာလေးများအား ဆွမ်းအခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများအား လှူဒါန်းပေးလျက်ရှိရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်အတွင်းရှိ မြသိန်းတန်ဘုန်းတော်ကြီး ကျောင်းတိုက်နှင့် သီရိရတနာ သီလရှင်စာသင်တိုက်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်းရှိ အောင်ချမ်းသာ(မန်တောက်) ဘုန်းတော်ကြီးကျောင်းနှင့် ဇေယျသုခ(ဟိုနား) ဘုန်းတော်ကြီးကျောင်းတို့အား ဆွမ်းဆန်တော်(၅၅)အိတ်၊ ဆီ(၁၇၂)ပိဿာနှင့် ပဲ (၃၃၄)ပိဿာတို့အား တာဝန်ရှိသူအသီးသီးမှ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
တိုက်ကြီးမြို့နယ် Postive Centre ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကို​ဗစ် - ၁၉ ရောဂါကုသရေးစင်တာအဖြစ် ဖွင့်လှစ်ထားသော ချမ်းမြသာစည်ရပ်ကွက်ရှိ အ.ထ.က (တိုက်ကြီး) ကျောင်းတွင် ယနေ့ နံနက် ၇ နာရီအချိန်ခန့်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့ လူမှုကူညီရေးအသင်းအတွက် အလှူရှင်မိသားစုမှ အောက်ဆီဂျင်စက် လှူဒါန်း
Sep 16,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက်ရှိ ကရုဏာရှင်လးများ လူမှုကူညီရေးအသင်းအတွက် အလှူရှင်မိသားစုမှ ယနေ့နေ့လယ်ပိုင်းက အောက်ဆီဂျင် စက်တလုံး လာရောက်လှူဒါန်းခဲ့ကြောင်း ကရုဏာရှင်လေးများ လူမှုရေးအသင်းဥက္ကဋ္ဌ ဦးစိုးမြင့်ဦးထံမှ သိရသည်။
ရွှေညောင်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Sep 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်း ပိုမိုတိုးပွားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ ညနေပိုင်းက တောင်ကြီးမြို့နယ် ရွှေညောင်မြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှင့် ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်
Sep 16,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ယနေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါကာကွယ်​ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်မှုများကို မြို့ပေါ်ရပ်ကွက်များအတွင်း အသိပေးနှိုးဆော် ဆောင်ရွက်သည်။