သတင်းများ

တောင်ငူ၌ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ပထမအကြိမ် ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်များဖြစ်သည့် အ.ထ.က (၁)၊ ကေတုရတနာခန်းမနှင့် ကေတုမတီမြို့သစ်တို့တွင် ယနေ့ နံနက်ပိုင်းက ဆေးထိုးအုပ်စုများဖြစ်သည့် အသက် ၅၅ နှစ် မှ ၆၄ နှစ် အုပ်စုအတွင်းရှိသူများ၊ မသန်စွမ်းများ၊ နာတာရှည် ရောဂါအခံရှိသူများ ၊ EAO များနှင့် ဦးစား​ပေး ဦးတည်အုပ်စုများ၌ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ကိုဗစ်-၁၉ရော ဂါကာကွယ်ဆေးထိုးနှံရ‌န်ကျန်ရှိသောလူမှုဖူလုံရေး အကျုံးဝင် ဌာန အသီးသီးမှ လုပ်သား (၁၄၀)ဦးအားပထမအကြိမ်ထပ်မံထိုးနှံပေး
Sep 16,2021
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရ‌န် ကျန်ရှိသောလူမှုဖူလုံရေးအကျုံး ဝင်ဌာနအသီးသီးမှလုပ်သား (၁၄၀)ဦးကို ပထမအကြိမ် ထပ်မံထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီက ဝါးခယ်မမြို့နယ်ပြည်သူ့ ဆေးရုံ၌ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိ ကြောင်းသိရသည်။
မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ပြသ
Sep 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရုံးရှေ့မြေစိုက်ဘုတ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဒေသတွင်းသတင်းများအား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Sep 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အသက်(၅၅)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အ-ထ-က(၁) ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အသက်(၅၅)နှစ်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ယနေ့နံနက် ၉ နာရီအချိန်က ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံရန်အတွက် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တရုတ်နိုင်ငံထုတ် (Sinopharm) ပထမအကြိမ်ထိုးနှံရန် မြို့ပေါ်ရှိ မိဘပြည်သူများအား အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့ညနေပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် အသက် ၅၅ နှစ်အထက်ရှိသူများ၊ မသန်စွမ်းသူများအား ကိုဗစ် -၁၉ ကာကွယ်ဆေး ပထမနေ့စတင်ထိုးနှံပေး
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက်၅၅နှစ်နှင့်အထက် ရှိသူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါမဟုတ်သည့် နာတာရှည် ရောဂါဖြစ်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ကို ယနေ့နံနက် ၉ နာရီက ပေါင်းတည်မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ ပထမနေ့အဖြစ် စတင်ထိုးနှံ ပေးခဲ့ ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်အတည်ပြု လူနာများအား နံနက်စာ သွားရောက်လှူဒါန်း
Sep 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိလူနာများ စားသောက်ရေး အဆင်ပြေစေရေးအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညစာအပြင် အင်အားဖြည့်အစားအစာများအား ယနေ့ နံနက်၇နာရီက   သွားရောက်ထောက်ပံ့ပေးခဲ့သည်။