သတင်းများ

လှည်းကူးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပရဟိတအဖွဲ့များအား ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ပရဟိတအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျိုင်းတောင်းမြို့၌ ပန်းခင်းစီမံချက် ဗွီနိုင်းပိုစတာများ ပြည်သူများသိရှိနိုင်ရန် စုပေါင်းကပ်ထားခြင်း ဆောင်ရွက်
Sep 16,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျိုင်းတောင်း မြို့တွင် ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်‌ဆောင်ရွက်ပေး‌နေခြင်းအား မြို့အတွင်းရှိ အများပြည်သူ သိရှိနိုင်ရန်အတွက် ဗွီနိုင်းပိုစတာများလှည့်လည်ကပ်ထားခြင်းကို ယနေ့နံနက် ၉ နာရီက လူစည်ကားရာ‌နေရာများဖြစ်သော မြို့မ‌ဈေးအဝင်ပေါက်၊ လူအများသွား လာရာနေရာကားဂိတ်နှင့် မြို့လူဝင်မှု‌ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူးရုံးရှေ့ စသည့်နေရာ များတွင်ကပ်ထားရာ မြို့အုပ်ချုပ်ရေးမှူး ဦးနန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယလူဝင်မှုကြီးကြပ်‌ရေးမှူး ဦးစိုင်းစည်သူဟိန်းနှင့်ဝန်ထမ်းများက စုပေါင်းကပ်ထားခဲ့ကြသည်။
ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ပြည်သူများ လိုက်နာဆောင်ရွက် ရန် လှည့်လည်အသိပေးနှိုးဆော်
Sep 16,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွား တွေ့ရှိမှုနှုန်း လျော့နည်းစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ လိုက်နာရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့် လှည့်လည်အသိပေး နှိုးဆော်ကြောင်းသိရသည်။
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 16,2021
ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးလုပ်ငန်းများ အသိ ပညာပေးခြင်းနှင့် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်ဆောင်ရွက်ပေး
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုများရှိရာ​ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံကြရန် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသံချဲ့စက်များ​ဖြင့် မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာများသို့ Mobile Library ဖြင့် လှည့်လည် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းများ​​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Sep 16,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီကစတင်၍ မြို့နယ်အတွင်းရှိ ထနောင်းပင်လဲကျေးရွာ၊ ကုက္ကိုဇီးကျေးရွာ၊ ဇီးတောကျေးရွာရှိ ပြည်သူများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့တွင် အသက်(၆၄)နှစ်မှ အသက်(၅၅)နှစ်အတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမ)အကြိမ် စတင်ထိုးနှံပေး
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် အသက်(၆၄)နှစ်မှ အသက်(၅၅)နှစ်အတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ကြံခင်းမြို့ မုတ်ထုတ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံစုရပ်တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် ပြည်သူများ ကာကွယ်ဆေးထိုးနှံရေးအတွက် စာရင်းကောက်ယူ ရရှိနိုင်ရေး လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် အသက်(၅၅)နှစ်မှ(၆၄)နှစ်အတွင်း ပြည်သူများအား ကာကွယ်ဆေး ထိုးနှံရေး နှင့် စာရင်းကောက်ယူရရှိနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ လမ်းညွှန်မှုဖြင့် ယမန်နေ့ ညနေပိုင်းက ရပ်ကွက်များအတွင်း အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။