သတင်းများ

မိုင်းခတ်မြို့နယ်၌ နှာခေါင်းစည်း (Mask)များမတပ်ဆင်သူများအား စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်
Sep 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့တွင်းရှိ လမ်းဆုံလမ်းခွများ၌ Mask Campaign ပြုလုပ်ခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေးကြေညာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီဖြစ်ကာ ယနေ့ နံနက်ပိုင်းမှစ၍ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအနေဖြင့် Mask တပ်ဆင်အသုံးပြုခြင်းမရှိသူများအား စစ်ဆေးအရေးယူခြင်းကို မိုင်းခတ်မြို့ဝင်ဂိတ်နှင့် လမ်းဆုံများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများ ကျန်းမာရေးပြန်လည်ကောင်းမွန်၍ နေအိမ်သို့ပြန်လည်စေလွှတ်သူ(၃၀၇)ဉီးထိရှိလာ
Sep 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့အတည်ပြုလူနာ(၆)ဉီးထပ်မံတွေ့ရှိပြီး ဆေးကုသမှုခံယူနေသည့် ပိုးတွေ့အတည်ပြုလူနာ များအနက် ကျန်းမာရေးကောင်းမွန်၍ နေအိမ်သို့ ပြန်လည်စေလွှတ်သူ(၃၀၇)ဉီးထိရှိလာပြီဖြစ်ကြောင်းသိရသည်။
မိုင်းခုတ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ၌ တာဝန်ထမ်းဆောင်နေကြသူများအား စားသောက်ကုန်များထောက်ပံ့
Sep 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ တာဝန်ထမ်းဆောင်နေကြသည့် Volunteer များနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းက မြို့တိုက်နယ်ဆေးရုံ၌ ကျင်းပခဲ့သည်။
ရွှေသောင်ယံမြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများဒုတိယအကြိမ်ဆက်လက်ထိုးနှံ
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရွှေသောင်ယံမြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေးလျှက်ရှိရာ အထကရွှေသောင်ယံ စာသင်ကျောင်း၌ ယနေ့နံနက် (၉)နာရီအချိန်က အသက်(၅၅)နှစ်မှ (၆၄)နှစ်အထိအသက် အပိုင်းအခြားသတ်မှတ်၍ ကျန်းမာရေးဝန်ထမ်းများမှထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် အသက် ၅၅ နှစ်အထက်ရှိသူများ၊ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ပေါက်‌ခေါင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် (၅၅)နှစ်နှင့်အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါမဟုတ်သည့် နာတာရှည်ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပေါက်ခေါင်း မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်(၇)ခု၌ ပထမနေ့အဖြစ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာ(၅)ဦးထပ်မံစစ်ဆေး တွေ့ရှိ၊ (၃)ဦးကျန်းမာ လာ၍ဆေးရုံဆင်း
Sep 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံမှ (၄၃)ဦး၊ လွိုင်ဆောင်ထောက်တိုက်နယ် ဆေးရုံ မှ(၂၆)ဦး၊ စုစု ပေါင်း(၆၉)ဦးတို့ကို ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test Kitဖြင့်စစ်ဆေးရာ မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံမှ စစ်ဆေးသည့်(၄၃)ဦး အနက် အမျိုးသမီး (၂)ဦး၊ လွိုင်ဆောင်ထောက်တိုက်နယ်ဆေးရုံမှ စစ်ဆေးသည့် (၂၆)ဦး အနက်အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦး တို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိကြောင်း သိရသည်။
ခေါဇာတွင် အသက် ၅၅ နှစ်နှင့်အထက်‌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယအသုတ် ပထမကြိမ် စတင်ထိုးနှံပေး
Sep 16,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊‌ ခေါဇာမြို့တွင် အသက် ၅၅ နှစ်နှင့်အထက် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီ ကစတင်၍ ခေါဇာမြို့ မြို့လယ်ဘုရားဓမ္မာရုံတွင် တာဝန်ရှိသူများက ကာကွယ်ဆေးများ စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ငပုတောမြို့နယ်အတွင်းရှိ ဝါဆို၊ ဝါကပ်သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင် ၁၀၃၆ ပါးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတွင် ဝါဆို၊ ဝါကပ် သီတင်းသုံး နေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအပါအဝင် စုစုပေါင်း ၁၀၃၆ ပါးအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားစသည့် လှူဖွယ်ပစ္စည်းများ ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၃နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။