မောတောင်မြို့ရှိ အခက်အခဲဖြစ်နေသော မိသားစုများအား အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စားနပ်ရိက္ခာများသွားရောက်ထောက်ပံ့လှူဒါန်း
Sep 16,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းမြင့်မားနေမှု ကြောင့် Stay at Home အဖြစ်သတ်မှတ်ကြေညာထားသည့်ကာလအတွင်း မောတောင်မြို့-အမှတ်(၉)ကျေးရွာအုပ်စု-အမှတ်(၉)ကျေးရွာမှ စားသောက်ရေးအခက်အခဲဖြစ်နေသော/ဆွမ်းရဲနွမ်းပါးချို့တဲ့သော/အိုမင်းမစွမ်းဖြစ်နေပြီးအမှီခိုကင်းမဲ့သော စသဖြင့် အိမ်ထောင်စု(၁၀)စုတို့အားလတ်တလောကာလတွင် အစားအသောက် အဆင်ပြေစေရန်အတွက် အမှတ်(၉)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးမင်းကိုမှ ဦးဆောင်လျက် စေတနာရှင်အလှူရှင်များစုပေါင်းကာ ယနေ့ နံနက် ၉နာရီအချိန်က ဆန်နှင့်အခြေခံစားရိက္ခာများကို ထောက်ပံ့လှူဒါန်းပေးကြောင်း သိရသည်။