သတင်းများ

အုန်းပင်စုရပ်ကွက်ရှိ အရောင်းဆိုင်များမှ အလုပ်သမားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသိပေးကြေညာ
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှု မဖြစ်ပွားစေရေးနှင့် တားဆီးကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ အုန်းပင်စုရပ်ကွက်အတွင်းရှိ စက်မှုဇုန်ပြင်ပ ပုဂ္ဂလိက အရောင်းဆိုင်များမှ အလုပ်သမားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြရန် အသိပေးနိူးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီက အုန်းပင်စုရပ်ကွက်အတွင်း အသံချဲစက်ဖြင့် အသိပေး နိူးဆော်လျက်ရှိကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းဆောင်ရွက်
Sep 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရာ အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည်၍ အသိပညာပေးခြင်းအား စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
သရက်ချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ
Sep 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ဦးစားပေးအစီအစဉ်အလိုက် ဆေးထိုးစုရပ် (၃) နေ ရာတွင်  ယနေ့နံနက် (၉) နာရီမှ စတင်ကာ စုရပ်အသီးသီး၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။ 
ဟိုင်းကြီးကျွန်းမြို့၌ကိုဗစ်၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးနိုးဆော်ချက်များအား မြို့အဆင့် ဌာနဆိုင်ရာများပူး​ပေါင်း၍ Hand Speaker ဖြင့် လိုက်လံကြေညာ
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့ တွင် ကိုဗစ်၁၉ ရောဂါ ကူးစက်ပျံ့ပွားလျှက်ရှိပြီး နေ့စဉ် ရောဂါကူးစက်မှုများဖြစ်ပေါ်လျှက်ရှိသောကြောင့် ရောဂါကူးစက် ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက ်ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် ပြည်သူသို့အသိပေး ပြန်ကြားချက်များအား ယနေ့ နံနက်(၁၀) နာရီ က ​​ကျောက်​ချောင်း​ကျေးရွာသို့ ကွင်းဆင်း၍ လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးဆိုင်ရာများအား ဖြူးမြို့နယ်အတွင်း အသိပညာပေး နှိုးဆော်
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကို ထိန်းချုပ်ရေး၊ ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေး၊ မြို့နယ်အတွင်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ထိုးနှံနိုင်ကြောင်း စသည့် အသိပညာပေးခြင်းကို စက်တင်ဘာ(၁၆)ရက်နေ့၊ နံနက်(၈) နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း လမ်းများနှင့် ကျေးရွာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကော့မှူးတွင် ဈေးကားဖြင့် စားသောက်ကုန်များ ပဉ္စမအကြိမ် လာရောက်ရောင်းချ
Sep 16,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစား သောက်ကုန်များအား မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် Mobile Market ကားဖြင့် ယနေ့နံနက်က ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်တွင် လာရောက်ရောင်းချပေးနေကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံပေး
Sep 16,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အကြား အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ သံဃာတော်များအား စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်ပြီး မဟာလောကသီရိဘုရားကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး
Sep 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် သံဃာတော်များ၊   အသက်(၆၅)နှစ်အထက်   သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊   နိုင်ငံဝန်ထမ်းများနှင့်  ဈေးရောင်းသူများအားဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ စက်တင်ဘာလ (၁၅)ရက်နေ့ အထိ လူဦးရေ(၇၃၂)ဦးကို ထိုးနှံပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ အား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။