သတင်းများ

မိုးနဲမြို့၌ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို တင်ဆက်ပေးလျက်ရှိ
Sep 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသိပညာပေး လုပ်ငန်းများကို ပြည်သူများ Online မှတစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်စေရန်၊ ကျောင်းသားသူငယ်များ စာပေဗဟုသုတ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ Online အသိပညာပေးအစီအစဉ်များကို ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ဦးစားပေး ဦးတည်အုပ်စု (၁၆)အုပ်စုအား စတင်ထိုးနှံပေး
Sep 16,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် / ကျေးရွာများရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဦးစားပေး ဦးတည်အုပ်စု (၁၆)အုပ်စုအား  ကာကွယ်ဆေးများ စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ဆေးထိုးစုရပ်များဖြစ်သည့် အမှတ် (၆)ရပ်ကွက် ဇိနသုခဓမ္မာရုံ၊ အမှတ် (၇)ရပ်ကွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် အထက (ကျုံဒိုး) တို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့၌ ကိုဗစ်-၁၉ကာလအတွင်း ဘုန်းကြီးကျောင်းများနှင့် အခြေခံအိမ်ထောင်စုများအား ဆန်အိတ်များလှူဒါန်း
Sep 16,2021
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံအိမ်ထောင်စုများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ယမန်နေ့က မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ အခြေခံ အိမ်ထောင်စုဝင်များနှင့် မုဒုံမြို့နယ် ဓမ္မဒူတရိပ်သာ စာသင်တိုက်အတွက် ဆန်အိတ်များကို မေတ္တာစံအိမ် (Day Care Family)အသင်းမှ သွားရောက် လှူဒါန်း ထောက်ပံ့ပေးခဲ့သည်။
မင်းလှမြို့နယ်တွင် ဒေသခံပြည်သူ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူများအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ်(ပထမ)အကြိမ် စတင်ထိုးနှံပေး
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ဒေသခံပြည်သူများအား မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနရုံးတွင် ယမန်နေ့က စတင်၍ ဒုတိယအသုတ် (ပထမအကြိမ်) စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား တတိယအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopham ထိုးနှံပေးလျက်ရှိ
Sep 16,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား တတိယအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopham ကို မြိုင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် လက်ယက်မ တိုက်နယ်ဆေးရုံတို့တွင် ဦးစားပေးအုပ်စုများအလိုက် ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ထိုးနှံပေးလျက်ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်၌ အောက်ဆီဂျင် Plan တပ်ဆင်ပြီးစီးသွား၍ စမ်းသပ်ထုတ်လုပ်လျှက်ရှိ
Sep 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန်အတွက် လိုအပ်လျှက်ရှိသော အောက်ဆီဂျင် Plan တပ်ဆင်ပြီးစီ၍ စမ်းသပ်ထုတ်လုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ စက်ရုံ အဆောက်အဦ၌ ဆောင်ရွက်ကြသည်။
ကျောက်ပန်းတောင်းမြို့တွင် အများပြည်သူ လှူဒါန်းငွေဖြင့် ဝယ်ယူတပ်ဆင်ခဲ့သည့် အောက်ဆီဂျင်စက်အသစ်မှ အောက်ဆီဂျင်များ စတင်ထုတ်လုပ်ပေးနေပြီဖြစ် 
Sep 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အများပြည်သူလှူဒါန်းငွေဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သည့် အောက်ဆီဂျင်စက်အသစ်(၁)လုံး ယမန်နေ့ ထပ်မံရောက်ရှိလာပြီး၊ စက်တပ်ဆင်ထည့်ယူလာသည့် ကွန်တိန်နာဘောက်စ် အား နေရာချထားမှုများကို၊ ညနေပိုင်းတွင် အပြီးဆောင်ရွက်ခဲ့ရာ၊ ယနေ့ မွန်တည့်(၁၂)နာရီမှ စတင်၍ အောက်ဆီဂျင်များ ထုတ်ယူပေးနိုင်ပြီဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ပြောပါသည်။ 
ဇီးကုန်းမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမနေ့စတင်ထိုးနှံ
Sep 16,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့ ရက်နံနက် ၈ နာရီမှစတင်၍ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမှတ်(၄)ရပ်ကွက်၊ မြို့လယ် သံဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက် ရှိသည်။