သတင်းများ

သနပ်ပင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Sep 16,2021
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးတင်ဌေးနှင့် ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ် ၁၉ စည်းကမ်းချက်များနှင့်အညီ စက်ကုန်းပိုင်း ရပ်ကွက် အနောမာရုံ ကွင်းကျောင်းတိုက်၌ ဆောင်ရွက်ပေးခဲ့ကြသည်။
ကျိုက်လတ်မြို့နယ်တွင် ဆန်စက် လုပ်သား၁၀၆၄ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီ မှစတင်၍ မြို့နယ်အတွင်းရှိ ဆန်စက်အလုပ်သမား (၁၀၆၄)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် မြို့ဝင် နတ်သံကွင်းတံတား စစ်ဆေးရေးဂိတ်၌ RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိ
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့ဝင် နတ်သံကွင်းတံတား စစ်ဆေးရေးဂိတ်၌ RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဂွမြို့နယ်တွင် အသိပညာပေး အစီအစဉ်များကို အွန်လိုင်းမှထုတ်လွှင့်တင်ဆက်ပေးလျက်ရှိ
Sep 16,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ အသိပညာပေး အစီအစဉ်များကို အွန်လိုင်းမှ တစ်ဆင့် ရိုက်ကူး ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ သူများအား ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးမှုများ၊ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း လှည့်လည် အသိပေး နှိုးဆော်ဆောင်ရွက်ပေးလျက် ရှိသည်။
တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် စျေးရောင်းချသူများနှင့် စျေးလာရောက် ဝယ်ယူကြသူများအကြား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်စေရေးအတွက် တာမွေ(ယာယီ) စျေးတာဝန်ခံနှင့် စျေးကိုယ်စားလှယ်များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က စျေးရောင်းချနေသူများနှင့် စျေးဝယ်လာကြသူများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက် စျေးအတွင်းရှိ လူအသွားအလာများသည့် နေရာများတွင် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချောင်းသာမြို့တွင် အသက် (၅၅-၆၄)နှစ်ရှိ မိဘပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အသက်(၅၅-၆၄) နှစ်ရှိ မိဘပြည်သူများ အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ ချောင်းသာမြို့ အ.ထ.က ကျေင်းတွင် ထိုးနှံပေးလျက် ရှိပါသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးရာတွင် ကျောင်းအဝင်ဝတွင် လက်သန့်ဆေးများဖြင့် လက်ဆေးခြင်း၊ နားနေခန်းများတွင် နာရီဝက်ခန့် နားနေစေခြင်း၊ ဆေးစစ်ခြင်းလုပ်ငန်းများကို ကြီးကြပ်ထိန်းသိမ်း လုပ်ဆောင်စေပြီးမှ ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှPNOအသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့စားစရာပစ္စည်းများထောက်ပံ့ပေး
Sep 16,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ အစားအသောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူရှင်များမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အလှူငွေများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။