သတင်းများ

နမ္မတူတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ် စာစောင် ပြသဆောင်ရွက်
Sep 16,2021
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ရောဂါကူးစက်မှု မဖြစ်ပွားစေရေး ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အများပြည်သူ အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်  (၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီ၌ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိသူများ၊ မသန်စွမ်းများ၊ နာတာရှည် ရောဂါအခံရှိသူများ၊ EAO များနှင့် ဦးစား​ပေး ဦးတည်အုပ်စုများ၌ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ပထမအကြိမ် ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်များ ဖြစ်သည့် အ.လ.က(ကွက်သစ်)၊ သမ္မာဆန္ဒဓမ္မာရုံနှင့် ဘိုးဘွားများ အောက်မေ့ဖွယ်ခန်းမတို့တွင် ယနေ့ နံနက်ပိုင်းက စတင်၍ ဆေးထိုးနှံပေးလျက်ရှိရာ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြည်မျိုးလွင်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်အောင်တို့က လိုက်လံကြည့်ရှု အားပေးခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် စားသောက်ကုန်များ (စတုတ္တ)အကြိမ် လှည့်လည်ရောင်းချ
Sep 16,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်နှင့် အဓိက စားသောက်ကုန်များကို သက်သာသော စျေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဆန်၊ဆီ၊ကြက်ဥ စားသောက်ကုန် ပစ္စည်းများကို (ဒုတိယအကြိမ်) လှည့်လည်ရောင်းချခြင်းကို ယနေ့နံနက်၉နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်း ခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှေ့နှင့် တောင်ဘက်ပိုင် ရပ်ကွက်နေရာများတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အစီအစဉ်ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဝန်ထမ်းများပူးပေါင်း၍ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ငပုတောမြို့နယ်အတွင်းရှိ ဝါဆို၊ ဝါကပ် သီတင်းသုံးတော်မူကြသော ဆရာ‌တော်၊ သံဃာတော်များ နှင့် သီလရှင် ၁၀၃၆ ပါးအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲများဆက်ကပ်လှူဒါန်း
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတွင် ဝါဆို၊ ဝါကပ် သီတင်းသုံးနေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအပါအဝင် စုစုပေါင်း ၁၀၃၆ ပါးအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆား စသည့် လှူဖွယ်ပစ္စည်းများ ကပ်လှူဒါန်းခြင်း အခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ကုသရေးစင်တာအတွက် ဆေးဝါးနှင့်ကာကွယ်ကုသရေး ပစ္စည်းများလှူဒါန်း
Sep 16,2021
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာအတွက် ဆေးဝါးနှင့်ကာကွယ် ကုသရေးပစ္စည်းများကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၃)ရပ်ကွက်ရှိ World View International Foundation မှ လာရောက်လှူဒါန်းပေးရာ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် သပေါ့ကန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့မှ လက်ခံရယူပေးခဲ့ကြောင်းသိရသည်။
ကဝမြို့နယ်တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့ " အမည်ဖြင့် မြေစိုက်ပိုစတာ စိုက်ထူ
Sep 16,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ် ဦးစီးမှူး ဦးနေလင်းနှင့် ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့" အမည်ဖြင့် မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့နံနက် (၉)နာရီတွင် ကဝမြို့ အမှတ် (၄)ရပ်ကွက် ပဲခူးလမ်းနဘေးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ ၆၁၃၈ ဦးရှိ
Sep 16,2021
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စက်တင်ဘာလ ၁၅ ရက်နေ့အထိ ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံပြီးသူ အသက် ၆၅နှစ်နှင့် အထက်ဘိုးဘွား၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း ၊ Volunteer ၊ သံဃာတော်၊ သီလရှင်၊ နိုင်ငံ့ ဝန်ထမ်း၊ အချုပ်သား ပြည်သူစုစုပေါင်း (၆၁၃၈)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် ပန်းခင်းစီမ့ချက် ဆောင်ရွက်ရန်အတွက် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းကောက်ယူ
Sep 16,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်နေပြည်သူများအား လူမှုဘဝ ပြည့်စုံဖို့ “နိုင်ငံသားကတ်ကိုင်ကြစို့”ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ ပြည်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုထ်ပေးနိုင်ရေးအတွက် ယမန်နေ့မှစတင်၍ အမှတ်(၁၊ ၂၊ ၃၊ ၄)ရပ်ကွက်များအား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးအောင်တင်ရွှေ ဦးဆောင်၍ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်းကွင်းဆင်း စာရင်းကောက်ယူလျက်ရှိကြောင်း သိရှိရသည်။