ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်တုံ့ပြန်ရေး နည်းစနစ်များကို အသိပညာပေးဆောင်ရွက်

ဘားအံ စက်တင်ဘာ ၁၆

ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်တွင် လတ်တလောဖြစ်ပေါ်နေသည့် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြု စေမည့် နည်းစနစ်များကို  ဘားအံမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက မင်းဇီကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ တွင် အသိပညာပေး  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် တုံ့ပြန်ရေး နည်းစနစ်များ အသိပညာပေး ဆောင်ရွက် ရာတွင်  အသက်ရှု လမ်းကြောင်းဆိုင်ရာ အသိပညာပေးခြင်း၊ အရေးပေါ်အသက်ကယ် အထောက်အကူ ပြုနည်းများ၊ PPE  အကာအကွယ်ပစ္စည်း စနစ်တကျဝတ်ဆင်ပုံနှင့် စွန့်ပစ်ရေး နည်းလမ်းများ၊ အောက်ဆီဂျင်တပ်ဆင်ပေးရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် သိထားသင့်သည်များကိုအသိပညာပေးဆွေးနွေး၍ လက်တွေ့သင်ခန်းစာများ ပို့ချပေးခဲ့ရာ မင်းဇီ ကျေးရွာ လူမှုကူညီရေး အသင်းမှ အသင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက်)