သတင်းများ

တောင်တွင်းကြီးမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း တစ်အိမ်တက်ဆင်းကောက်ယူနေမှုများအား လှည့်လည်ကြည့်ရှုအားပေး
Oct 14,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး​မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၁)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၇)နာရီအချိန်မှ ညနေ(၆)နာရီအချိန်ထိ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီး၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မောက်မယ်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်
Oct 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ရှမ်းများပရဟိတအသင်းနှင့် ဦးစိုင်းအွတ်မိသားစုတို့မှ မြို့နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက စျေးတန်းရပ်ကွက်ရှိ မြို့လယ်သီရိမင်္ဂလာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသော ကျေးရွာများတွင် အစေးလှီးရော်ဘာပြား ထုတ်လုပ်မှု စတင်လုပ်ကိုင်
Oct 14,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသောကျေးရွာများတွင် အစေးလှီးရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်းကို စတင်လုပ်ကိုင်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအား ဆက်လက်ကောက်ယူ လျက်ရှိ
Oct 14,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အောက်တိုဘာ(၁)ရက်နေ့မှ စတင်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းများကို ကောက်ယူလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နတ်မောက်မြို့ပေါ် (၇)ရပ်ကွက်၌ ဆက်လက်ကောက်ယူလျက် ရှိသည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ သား/ငါး ဝယ်ယူစားသုံးမှု အဆင်ပြေစေရန် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကြပ်မတ်စစ်ဆေး
Oct 14,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ သား/ငါးဝယ်ယူစားသုံးမှု အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတွင် (ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်စီများမှ သားငါးများရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဆက်လက်ကောက်ယူ
Oct 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အမှတ် (၆) ရပ်ကွက်ရှိ သာသနာ့မကုဋအတုလဗိမာန် (၃) ထပ်ဆောင်၌ ယနေ့နံနက် ၇နာရီတွင် စာရင်းကောက်များကို စုရပ်ပြုလုပ်၍ ရေဥက္ကံကျေးရွာ၊ ကစင်ကျေးရွာ နှင့်ရှမ်းချောင်းကျေးရွာတို့တွင် ပြည်သူများအား ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအချက်အလက်များကို ကွင်းဆင်း၍ ဆက်လက်ကောက်ယူလျက်ရှိသည်။
ပေါင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူလျက်ရှိ
Oct 14,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကောက်ယူလျက်ရှိသည်။