ဟုမ္မလင်း အောက်တိုဘာ ၁၄
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် အဘိဓမ္မာအခါတော်နေ့၊ သီတင်းကျွတ်မီးထွန်းပွဲတော်နေ့ အထိမ်းအမှတ်အဖြစ် ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (မူလတန်းအထက်ဆင့်) စိတ်ကြိုက်ပန်းချီပြိုင်ပွဲ နှင့် ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နန်းမဉ္ဇူအေးက မြန်မာတို့သည်ယနေ့ထက်တိုင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းသင့်ကြောင်းနှင့် သီတင်းကျွတ်မီးထွန်းပွဲတော်သည် ရိုးရာယဥ်ကျေးမှုအထိမ်းအမှတ်ကိုပြဆိုကြောင်း မြတ်စွာဘုရားဟောကြားခဲ့သော အဘိဓမ္မာတရား(၇)ကျမ်းကို ဂုဏ်ပြုသောအားဖြင့် အဘိဓမ္မာအခါတော်နေ့ဟုခေါ်ဆိုကြကြောင်းနှင့် သီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားပြီး ဦးလိုင်းလင်းမူက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲအားကျင်းပခဲ့ရာတွင် မူလွန်အ.မ.က(၁)မှ ကျောင်းသား/ ကျောင်းသူ(၂၀)ဦးတို့က "သီတင်းကျွတ်ပွဲ တော်ဆင်နွဲပျော်" ခေါင်းစဉ်ဖြင့် စိတ်ကြိုက်ပန်းချီများရေးဆွဲကာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။
ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသူ ကျောင်းသား/ကျောင်းသူများအား ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးမှတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲဝင်များအားလုံးကို ရောင်စုံမီးပလုံးများ အမှတ်တရလက်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)