တာချီလိတ် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရားစေတီတော်ကြီး၌ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ည(အဘိဓမ္မာအခါတော်နေ့)တွင် ဆီမီးကိုးထောင် ကပ်လှူပူဇော်ခြင်းဖြင့်စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် ၁၀ နာရီအချိန်က အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေး၌ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ ခေတ္တစစ်ဗျုဟာမှူးဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနအကြီးအကဲများ၊ မြို့မိမြို့ဖလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး သီတင်းကျွတ်လပြည့်ည(အဘိဓမ္မာအခါတော်)နေ့တွင် ဇီဝိတဒါနငါးလွှတ်ခြင်း၊ သံဃာတော်အရှင်သူမြတ်များထံမှ တရားတော်များနာယူခြင်း၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ စတုဒီသာကျွေးမွေးခြင်းနှင့် ဆီးမီးကိုးထောင် ကပ်လှူပူဇော်ခြင်းများအား ဒေသခံပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပသွားနိုင်ရေးအတွက် အစီအစဥ်များချမှတ် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ရေး အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အေးအေးလတ်