ငဖဲမြို့နယ်၌ မိုးစပါးနှင့် အခြားမိုးသီးနှံ ၃၉၄၉၈ ဧက စိုက်ပျိုးပြီးစီး

ငဖဲ အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးသီးနှံများစိုက်ပျိုးရာသီ၌ မိုးစပါးသီးနှံနှင့် အခြားမိုးသီးနှံ ၃၆၄၄၂ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ထိ ၃၉၄၉၈ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ငဖဲမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မန်းချောင်းရေလှောင်တမံဆည်ရေ၊ ရင်းရှည်ရေလှောင် တမံဆည်ရေ၊ ဆည်ငယ်၊ ကန်ငယ်နှင့် မိုးကောင်းသောက်ရေတို့ကို အဓိကအားထားပြီး နွေ၊မိုး၊ဆောင်း ရာသီအလိုက်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်စားသောက်ကြသည်။ သီးနှံများစိုက်ပျိုးရာသီတွင် တောင်သူများ စိုက်ပျိုးရေအခက်အခဲမဖြစ်ပေါ်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မန်းချောင်းရေလှောင်တမံမှ ဆည်ရေကို လက်ဝဲ၊ လက်ယာမြောင်းမကြီးတစ်လျှောက် စနစ်တကျ ဆည်ရေဖြန့်ဝေပေးသည့်အတွက် တောင်သူများ စိုက်ပျိုးသော သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ယခု ၂၀၂၄ ခုနှစ် မိုးသီးနှံများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေ၊ ရင်းရှည် ရေလှောင်တမံဆည်ရေ၊ ဆည်ငယ်၊ကန်ငယ်နှင့် မိုးကောင်းသောက်ရေတို့ကို အမှီပြု၍ မိုးစပါးသီးနှံ  ဧက (၁၀၂၀၀)ဧက၊ ပဲမျိုးစုံပေါင်း (၄၈၉၈)ဧက၊ ဆီထွက်သီးနှံပေါင်း (၁၃၅၂၆)ဧက၊ အခြားနှံစားသီးနှံပေါင်း (၅၀၆) ဧက၊ စားဖိုဆောင်သီးနှံ (၂၄၅)ဧက၊ စက်မှုသီးနှံ (၃၉၂၁)ဧကနှင့် အခြားသီးနှံ (၆၂၀၂)ဧက  စုစုပေါင်း မိုးစပါးနှင့် အခြားမိုးသီးနှံ (၃၉၄၉၈)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်သည်။

ငဖဲမြို့နယ်တွင် ယခုနှစ်မိုးနှောင်းကောင်းမွန်သည့်အတွက် ပဲသီးနှံများအထူး အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့များကူညီ ထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကိုလည်း သက်ဆိုင်ရာဌာနများမှ ကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး Online မှလည်း အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)