သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော် ကိန်းဝပ်အပူဇော်ခံမည့် စံကျောင်းတော်(၂)ဆောင် ဆောက်လုပ်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်
Oct 16,2024
မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော် ကိန်းဝပ်အပူဇော်ခံမည့် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
နမ့်စန်တွင် မြို့ကျက်သရေဆောင်ဣ စ္ဆာသရအလိုတော်ပြည့် ဓာတုစွယ်တော်စေတီတော်မြတ်ကြီး၏ (၁၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာကျင်းပ
Oct 16,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊နမ့်စန်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အမှတ်(၃)ရပ်ကွက်ရှိ မြို့ကျက်သရေဆောင် ဣစ္ဆာသရအလိုတော်ပြည့် ဓာတုစွယ်တော် စေတီတော်မြတ်ကြီး၏ (၁၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည ၇ နာရီက အဆိုပါစေတီတော်တည်ရှိရာ အတုလကာရီကျောင်းတိုက်အတွင်း ကျင်းပခဲ့ကြောင်းသိရသည်။
ဓနုဖြူမြို့ကျက်သရေဆောင် သမိုင်းဝင်ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ (၁၅၂)ကြိမ်မြောက် ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ
Oct 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ (၁၅၂)ကြိမ်မြောက် ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လဆန်း (၁၂)ရက်နေ့မှ လပြည့်​ကျော် (၁)ရက်နေ့အထိ (၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ယနေ့သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့တွင် ဘုရားဖူးပြည်သူများ၊ ရွှေသင်္ကန်းကပ်လှူပူဇော်သူများနှင့် စည်ကားလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံရာသီက စိုက်ပျိုးသည့် မိုးသီးနှံစုံ ဧကသုံးသောင်းကျော် ရိတ်သိမ်းပြီးစီးပြီဖြစ်
Oct 16,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော မိုးသီးနှံစုံ ဧကသုံးသောင်းကျော် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဗဟန်းမြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူပြီးစီးမှု ကောက်ကွက်ပိတ်သိမ်းပွဲ ကျင်းပ
Oct 16,2024
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်ဗဟန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် တစ်အိမ်တစ်ဆင်းကောက်ယူလျက်ရှိရာ ရာနူန်းပြည့်ပြီးသွားပြီဖြစ်သည့်အတွက် ကောက်ကွက်ပိတ်သိမ်းပွဲကို ယနေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာဈေးဓမ္မာရုံ၌ကျင်းပရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ ဗဟန်းမြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသ
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် B.Ed ပညာရေးဘွဲ့ စာပေးစာယူ ဒုတိယနှစ်သင်တန်းဖွင့်ပွဲ တက်ရောက်
Oct 16,2024
လွိုင်ကော် ပညာရေးဒီဂရီကောလိပ် B.Ed ပညာရေးဘွဲ့ စာပေးစာယူသင်တန်း (၄/၂၃) ဒုတိယနှစ်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်က အဆိုပါကျောင်း ကယားသဇင်ခန်းမ၌ ကျင်းပရာ စာပေးစာယူ သင်တန်းသား၊ သင်တန်းသူများက “မြတ်ဆရာ” သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
နေပြည်တော်တွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ စောင်းအတီးပြိုင်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်ကျင်းပ
Oct 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအား မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ Signing Room ၊ Banquet Hall ၊ Plenary Hall ၊ News Briefing Room ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံ၊ နေပြည်တော် အမျိုးသားစာကြည့်တိုက်ခန်းမ၊ နေပြည်တော်အမျိုးသားပြတိုက်၊ နေပြည်တော် စည်ပင်သာယာကော်မတီ လေဟာပြင်ဇာတ်ရုံတို့တွင် ကျင်းပလျက်ရှိရာ စောင်းအတီးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမျိုးသားပြတိုက်ခန်းမတွင် ကျင်းပခဲ့သည်။
ဟိုပုံးမြို့နယ်တွင် ရေဘေးသင့်လုံးဝပျက်စီးခဲ့သည့် လူနေအိမ် ၂၆၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေများ ထောက်ပံ့ပေးအပ်
Oct 15,2024
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဟိုပုံးမြို့နယ်ရုံးမှ ရေဘေးသင့်လုံးဝပျက်စီးခံသည့် လူနေအိမ် ၂၆၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။