နေပြည်တော် အောက်တိုဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအား မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ Signing Room ၊ Banquet Hall ၊ Plenary Hall ၊ News Briefing Room ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံ၊ နေပြည်တော် အမျိုးသားစာကြည့်တိုက်ခန်းမ၊ နေပြည်တော်အမျိုးသားပြတိုက်၊ နေပြည်တော် စည်ပင်သာယာကော်မတီ လေဟာပြင်ဇာတ်ရုံတို့တွင် ကျင်းပလျက်ရှိရာ စောင်းအတီးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမျိုးသားပြတိုက်ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ စောင်းအတီးပြိုင်ပွဲ(ဒုတိယ)ရက်နေ့တွင် ဝါသနာရှင် ဒုတိယတန်း (အမျိုးသား)၊ (အမျိုးသမီး)၊ အခြေခံပညာ အသက် ၁၀ နှစ်မှ ၁၅ နှစ်ထိ (အမျိုးသား)၊ (အမျိုးသမီး)၊ အခြေခံပညာ အသက် ၁၅ နှစ်မှ ၂၀ နှစ်ထိ (အမျိုးသမီး)စသည့် ပြိုင်ပွဲဝင်ပညာရှင်များက မဲပေါက်သီချင်းများဖြင့် ယှဉ်ပြိုင်ကြကြောင်း သိရသည်။
တင်စိုးလွင်