ဗဟန်းမြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူပြီးစီးမှု ကောက်ကွက်ပိတ်သိမ်းပွဲ ကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်ဗဟန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် တစ်အိမ်တစ်ဆင်းကောက်ယူလျက်ရှိရာ ရာနူန်းပြည့်ပြီးသွားပြီဖြစ်သည့်အတွက် ကောက်ကွက်ပိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာဈေးဓမ္မာရုံ၌ကျင်းပရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ ဗဟန်းမြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာမြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုလတ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး နိုင်ငံတော်ကပေးအပ်သည့် ဂုဏ်ပြုငွေအား စာရင်းစစ်၊ စာရင်းကောက်များအတွက်ပေးအပ်ရာ​ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ဗဟန်းမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ စာရင်းစစ်၊ စာရင်းကောင်များက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ဗဟန်းမြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)