သတင်းများ

သီတင်းကျွတ်လပြည့်နေ့တွင် ချမ်းအေးသာစံမြို့နယ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၌ ဧကဒသမအကြိမ်၏ (၁၃) ပတ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူ
Oct 17,2024
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍ ဧကဒသမအကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို အောက်တိုဘာလ ၁၇ ရက် (သီတင်းကျွတ်လပြည့်)နေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။
ကျောင်းကုန်းမြို့၌ ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဆီမီးထွန်းညှိပူဇော်
Oct 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီး၌ ယမန်နေ့ သီတင်းကျွတ်အဖိတ်နေ့ ညနေပိုင်းက ဆွမ်းတော်ကြီးကပ်လှူကြပြီး၊ ညပိုင်းတွင် ဆီမီးများ ထွန်းညှိပူဇော်ခဲ့ကြသည်။
ဖျာပုံမြို့နယ်တွင် သီတင်းကျွတ်လပြည့်နေ့၌ ဥပုသ်သီလစောင့်တည်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိ
Oct 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ဝါမှထသောနေ့၊ ပဝါရဏာပြုကြသောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာ ပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ၊ နတ်၊ လူ သုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသည့် ဂုဏ်ထူးဝိသေသထူးခြားသောနေ့ဖြစ်ခြင်းကြောင့် ဖျာပုံမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းကျွတ်လပြည့်နေ့၌ ဥပုသ်သီလစောင့်တည်ခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ (၈၅) ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင် (၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူ
Oct 17,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၈၅) ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ယနေ့နံနက် ၈ နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်းသရုပ်ပြပွဲနှင့် တောင်သူပညာပေး ဆွေးနွေးပွဲပြုလုပ်
Oct 17,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေး အစီအစဉ်အဖြစ် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက အမှတ်(၇)ရပ်ကွက်၊ တောင်ဘီကျေးရွာကွင်းရှိ ကွင်းအမှတ်(၁၅၁၈)၊ တောင်သူ ဦးအောင်မင်း၏ ယာမြေ (၁၀)  ဧကပေါ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့တွင် မုဒုံမြို့နယ်ရှိ ဘုရားစေတီများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား
Oct 17,2024
၂၀၂၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ တန်ခိုးကြီးဘုရားစေတီများတွင် ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။
ကျိုင်းလပ်မြို့၊ ပန်ပဲကျေးရွာ၌ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Oct 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပန်ပဲကျေးရွာရှိ စာကြည့်တိုက်ဆောက်လုပ်မည့်နေရာတွင် ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ပျိုးခြင်းနှင့် စီမံကိန်းဝင် ဆောင်းသီးနှံ(နေကြာ) သီးသန့်စိုက်ပျိုးခြင်း တာဝန်ပေးအပ်ပွဲကျင်းပ
Oct 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ပျိုးခြင်းနှင့် စီမံကိန်းဝင်ဆောင်းသီးနှံ (နေကြာ) သီးသန့်စိုက်ပျိုးခြင်းတာဝန် ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။