ပုသိမ်ကြီး မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် မေတ္တာစံအိမ် မင်္ဂလာခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျင်းပသော အခွန်ဆိုင်ရာသိကောင်းစရာ ပညာပေး ရှင်းလင်းဟောပြောပွဲ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ဦးတက်ထွဋ်အောင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းထွန်းတို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်မော်မော်ခိုင်က အခွန်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဟောပြောသည်။ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့် လုပ်ငန်းရှင်များ၊ စုစုပေါင်း(၁၅၀)ခန့် တက်ရောက်ခဲ့ပြီး အပြန်အလှန် မေးခွန်းများ မေးမြန်းခြင်း/ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို ပြန်/ဆက်