တောင်တွင်းကြီးမြို့နယ်တွင် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပ

တောင်တွင်းကြီး အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် တာဝန်ခံမြို့နယ်ပညာရေးမှူးဦးနိုင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ပူဇော်ခံသက်ကြီး ဆရာ/ဆရာမကြီး များအားရွေးချယ်သည့် စံသတ်မှတ်ချက်များကို အ..က ပန်းတောကြီးမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးသိန်းက ရှင်းလင်းတင်ပြခဲ့ကာ အ..က ပျားတုမှ ကျောင်းအုပ်ဆရာကြီး ဦးရဲငွေက မြတ်ဆရာ ကိုယ်တိုင်ရေးကဗျာဖြင့် ဂုဏ်ပြုဖတ်ကြားခဲ့သည်။

ထို့နောက် သက်ကြီးဆရာ/ဆရာမ ကြီးများအား ပညာရေးဝန်ထမ်းများက ကန်တော့လက်ဆောင်ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ပြီး ပူဇော်ခံသက်ကြီး ဆရာ/ဆရာမကြီးများ၏ကိုယ်စား ဆရာကြီး ဦးစံသိန်းက ဩဝါဒဆုပေးစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူတို့အား တက်ရောက်လာကြသော ဆရာ၊ ဆရာမများက ဆုများအသီးသီးချီးမြင့်ခဲ့ပေးအပ်ခဲ့ပြီး ပညာရေးဝန်းထမ်း ဆရာ၊ဆရာမများ၏ကိုယ်စား အထက်တန်းပြဆရာမတစ်ဦးမှ အနန္ဒ()ဖြာ မြတ်ဆရာ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)