သတင်းများ

မိုင်းယန်းမြို့နယ် ကျေးရွာများသို့ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး
Oct 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ အတွင်း စာရင်းကောက်ယူနေမှုအခြေအနေများကို တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့၌ မိုးစပါး ဆင်ဧကရီ- ၃ တင်း(၁၀၀)အထက် ထွက်ရှိရေး စံပြစိုက်ခင်းစံကွက် ရိတ်သိမ်း
Oct 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၄-၂၀၂၅ မိုးစပါးတင်း(၁၀၀)အထက် ထွက်ရှိရေး စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
စကုမြို့၌ (၂၂)ကြိမ်မြောက် စကုမြို့နယ်လုံးဆိုင်ရာ အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပ
Oct 07,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ (၂၂)ကြိမ်မြောက် စကုမြို့နယ်လုံးဆိုင်ရာ အာစရိယပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စကုမြို့ အမှတ်(၁)ရပ်ကွက်၊ ဈေးရပ်ရှိ စကုမြို့နယ်လုံးဆိုင်ရာ နေ့စဉ်အရုဏ်ဆွမ်းလောင်းလှူရေးအသင်း ဂေါ်ဆွမ်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲ ကျင်းပ
Oct 07,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲ ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကန်တော့ခံ (၇၀) နှစ်အထက် ဆရာကြီး၊ ဆရာမကြီး (၆၃)ဦး၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျှော့ချ​ရေး ကွင်းဆင်းစစ်​ဆေး ​ဆောင်ရွက်
Oct 07,2024
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ ​အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ချောက်မြို့မ​စျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲ​စေ​ရေး အသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ မိုးရွာသွန်းမှုကြောင့် စေတီတစ်ဆူမြေခ
Oct 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အောက်တိုဘာလ (၅) ရက်နေ့ ညပိုင်းနှင့် (၆) ရက်နေ့ မနက်ပိုင်းတို့တွင် မိုးများစွာရွာသွန်းမှုကြောင့် ယမန်နေ့ညနေ (၅) နာရီခွဲခန့်က စျေးတန်းရပ်ကွက်၊ ပရိယတ္တိပါဒကကျောင်းကြီးစာသင်တိုက်အတွင်းရှိ စေတီတစ်ဆူမြေခခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း တစ်အိမ်တက်ဆင်း ကောက်ယူနေမှုများအား လှည့်လည်ကြည့်ရှုအားပေး
Oct 07,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၁)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၇)နာရီအချိန်မှ ညနေ (၆) နာရီအချိန်ထိ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီး၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ကျောက်ဆည်မြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဇီဝနည်းပညာ သုတေသနဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ (၇) ရက်နံနက် (၁၀) နာရီက ဇီဝနည်းပညာသုတေသနဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။