သတင်းများ

လွိုင်လင်-ပန်ကေတု-သီပေါလမ်းပိုင်းတွင် ယာဉ်များသွားလာနိုင်ပြီဖြစ်
Oct 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ပျက်စီးသွားခဲ့သော လွိုင်လင်-ပန်ကေတု-သီပေါလမ်း မိုင်(၉၀/၄-၉၀/၅)ကြား တံတား အမှတ် ၃/၉၁ အရှည် ၃၆၀ ပေရှိ ဆားတောတံတားချည်းကပ်လမ်းမှာ အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ယာဉ်များစတင်သွားလာနိုင်ပြီဖြစ်ပါသည်။
ချင်းပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းဆပ်ကော်မတီများ၏ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများ ပြုစုတင်ပြနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 05,2024
ချင်းပြည်နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ချင်းပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီများ၏ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများ ပြုစုတင်ပြနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွှဲ ၂ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
မင်းလှမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်
Oct 05,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ World Teachers’ Day အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ (မြို့တွင်း) ကျောင်း သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ကျောက်ဖြူမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု လှည့်လည်ကြည့်ရှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 05,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၃ ရက်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုလှည့်လည်ကြည့်ရှုပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မူးယစ်ဆေးဖြတ်ပြီးသူများအနေဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူရန် များစွာလိုအပ်
Oct 05,2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးသူများအနေဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူရန် များစွာလိုအပ်ကြောင်း ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ်သင်တန်းဆင်း သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ (၉/၂၀၂၄) အခမ်းအနားမှ သိရသည်။
တာလေမြို့တွင် မိုးစပါးထွက်နှုန်းတိကျမှန်ကန်ရေး ကွင်းဆင်း၍ စံကွက်ရိတ်သိမ်း
Oct 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးထွက်နှုန်းတိကျမှန်ကန်ရေးကွင်းဆင်း၍ စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရား တောင်တက်မော်တော်ယာဉ်များအား ကြံ့ခိုင်မှုရှိ/မရှိစစ်ဆေး
Oct 05,2024
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားပွဲတော်ဖွင့်ပွဲအား သီတင်းကျွတ်လပြည့်‌နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ကျိုက်ထီးရိုးဘုရားသို့ပို့ဆောင်ပေးမည့် တောင်တက်မော်တော်ယာဉ်များ ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးမှုကို ယနေ့နံနက်ပိုင်းတွင် ဘုရားသုံးဆူထိုင်တော်မူဘုရားတောင်‌ခြေ၌ ပြုလုပ်ခဲ့သည်။
မိုင်းပန်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ
Oct 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြို့နယ်သန်း‌ခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် သန်းခေါင်စာရင်းကောက်အဖွဲ့များမှ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအတွင်း ယနေ့နံနက်ပိုင်းမှ တစ်အိမ်တက်ဆင်း သတ်မှတ်ကောက်ကွက်များတွင် စတင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။