မိုင်းပန်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

မိုင်းပန် အောက်တိုဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြို့နယ်သန်း‌ခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် သန်းခေါင်စာရင်းကောက်အဖွဲ့များမှ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအတွင်း ယနေ့နံနက်ပိုင်းမှ တစ်အိမ်တက်ဆင်း သတ်မှတ်ကောက်ကွက်များတွင် စတင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူနေမှုများအား မိုင်းပန်မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဟန်ဇော်မြင့်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လူမှုရေးအသင်းအဖွဲ့များမှ ပါဝင်ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းပန်မြို့နယ်တွင် ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၀)စု၊ ကောက်ကွင်းပေါင်း (၆၂)ကျော်ရှိ အိမ်ခြေ၊ အိမ်ထောင်စု (၅၅၀၀)ကျော်နှင့် လူဦးရေ (၂၄၂၀၀)ကျော်ရှိပြီး သန်းခေါင်စာရင်းကောက်အဖွဲ့များမှ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews)ဖြင့် (Mobile Tablet)များ အသုံးပြုကာ သတ်မှတ်ကာလအတွင်းအချိန်မီ ပြီးစီးအောင် ကောက်ယူသွားမည်ဖြစ်ကြောင်း သန်းခေါင်စာရင်းကော်မတီထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)