ပုသိမ်ကြီး အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ ကျောက်မီးကျေးရွာနှင့် ထုံးဘိုအကျဥ်းဦးစီးဌာနသို့ ယမန်နေ့နံနက်ပိုင်းက ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ လိုက်ပါလျက် တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူရန် မြို့ပေါ်ရပ်ကွက်ကြီးတစ်ခု ကျေးရွာအုပ်စု (၅၇)စု၊ ကျေးရွာ (၁၃၇)ရွာအား စာရင်းကောက်အဖွဲ့ ၄၅ ဖွဲ့ဖြင့် စာရင်းကောက်ကွက်ပေါင်း ၅၅၉ ကွက်ကို အောက်တိုဘာ ၁ရက်နေ့မှ ၁၅ ရက်နေ့ထိ သန်းခေါင်စာရင်းကောက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်း ကော်မတီထံမှ သိရသည်။
ကျေးရွာများသို့ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများ အခက်အခဲမရှိ ဆောင်ရွက်နိုင်ရန် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ ဦးဆောင်၍ ခရိုင်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ကျေးရွာများရှိ ပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)