ကန့်ဘလူ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များက ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်နှင့်ကျေးရွာများ၌ ကွင်းဆင်းကာ ဆက်လက်ကောက်ယူလျက်ရှိရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့တွင် စာရင်းစစ်၊ စာရင်းကောက်များက နတ်ပေးကျေးရွာအုပ်စု နတ်ပေးကျေးရွာတွင် Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း စနစ်တကျကွင်းဆင်းကောက်ယူလျက်ရှိရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ အတွင်းရေးမှူး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ ခေတ္တဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ကြကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။
၎င်းနောက် နတ်ပေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္တောဘာသအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ရပ်ကွက် ငါးရပ်ကွက်၊ ကျေးရွာအုပ်စု ခြောက်အုပ်စု၊ ကောက်ကွက်ပေါင်း ၈၃ ကွက်တို့၌ စာရင်းစစ်၊ စာရင်းကောက် ၄၄ ဦးတို့ဖြင့် ကောက်ယူလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)