ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု၌ ကော်ဖီသီးနှံစိုက်ပျိုးပွဲကျင်းပ

ဟိုင်းကြီးကျွန်း အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စျေးကွက်ဝင် ကော်ဖီသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားပြီး MSME လုပ်ငန်းများ တိုးပွားလာစေရန်အတွက် ကော်ဖီသီးနှံစိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျောက်ချောင်းကျေးရွာအုပ်စု၌ တောင်သူဦးစိုးကိုကိုအောင်၏ ကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး ကျောက်ချောင်းကျေးရွာအုပ်စု တောင်သူဦးစိုးကိုကိုအောင်၊ ကွင်းအမှတ်(၂၀၀၃)၊ ဦးပိုင်အမှတ် (-)၊ မြေရိုင်း၊ ဧရိယာ (၉)ဧကအနက် ဧရိယာ (၃.၀၀)ဧကပေါ်တွင် ကော်ဖီပျိုးပင်ပေါက်များ စိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရေး၊ စိမ်းလန်းမြေများ တိုးပွာလာစေရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပစိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ အာဟာရတန်ဖိုးမြင့်မားသော စျေးကွက်ဝင် ကော်ဖီသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားပြီး MSME လုပ်ငန်းများ တိုးပွားလာစေရန် ရည်ရွယ်ကြောင်း စိုက်ပျိုးသည့်အပင်များ ရှင်သန်ကြီးထွားအောင် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး တောင်သူများ၏ မေးမြန်းဆွေးနွေးမှုများအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)