အင်တောမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူလျက်ရှိ

အင်တော အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  အင်တောမြို့တွင်  ၂၀၂၄ ခုနှစ်  လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တိကျမှန်ကန်စွာစာရင်းကောက်ယူနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက မြို့ပေါ် (၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅)စုတို့တွင် တစ်အိမ်တက်ဆင်း စာရင်းများ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်အဖွဲ့များက လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် Tablet များအသုံးပြုကာ CAPI နည်းပညာဖြင့် မေးခွန်း (၆၈) ခုပါဝင်သော အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း (၁၈) ခုပါဝင်သော အဖွဲ့အစည်းမေးခွန်းပုံစံများအသုံးပြု၍ တစ်အိမ်ဆင်း မေးမြန်းကောက်ယူလျက်ရှိကြောင်း သိရသည်။

အင်တောမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား ရပ်ကွက် () ခုနှင့် ကျေးရွာအုပ်စု (၅) အုပ်စုရှိ စာရင်းကောက်ကွက်ပေါင်း (၈၅) ကွက်တို့တွင် စာရင်းစစ်၊ စာရင်းကောက် (၃၃)ဦးတို့က အောက်တိုဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။  

အင်တော(ပြန်/ဆက်)