သတင်းများ

အုတ်တွင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Oct 05,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ထန်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက ယနေ့နံနက်ပိုင်းက နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်
Oct 05,2024
၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၃)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
မိတ္ထီလာမြို့နယ် ဥယျာဉ်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းဖြင့် နို့စားနွားမွေးမြူသည့်လုပ်ငန်းဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Oct 05,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တောမကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာရှိကျေးလက်နေပြည်သူများ စိုက်ပျိုးမွေးမြူရေးထုတ်လုပ်သူများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေပြီး အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဥယျာဉ်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် နို့စားနွားမွေးမြူစီမံကိန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဦးသိန်းလွင်မှ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်က  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
၂ဝ၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်အားပေး
Oct 05,2024
၂ဝ၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တ‌လေးချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင်ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ဥပဒေချုပ် ဦးမြင့်​အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်းနှင့်တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း တစ်အိမ်တက်/ ဆင်းကောက်ယူနေမှုအား လှည့်လည်ကြည့်ရှုအားပေး
Oct 05,2024
နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်သည်။
ရန်ကုန်မြို့မှ မရှိခဏဆရာတော်ကြီးမှ ကလောမြို့ ရေဘေးသင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Oct 05,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့လမ်းဦးစီးဌာန ရိပ်သာ၌ ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်မြို့မရှိခဏဆရာတော်ကြီးမှ ကလောမြို့ရေဘေးသင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှုများအား ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်
Oct 05,2024
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်သည့် ကမ်းပါးပြိုခြင်းကြောင့် လူနေအိမ် အိမ်ဖျက်သိမ်းပြောင်းရွှေ့ခြင်းနှင့် မိုးကြိုးပစ်ခြင်းကြောင့် လူသေဆုံးခြင်းတို့အတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် ပုဗ္ဗသီရိမြို့နယ်၊ ဆင်သေချောင်းကူးတံတား (ပုပ္ပါးကုန်း) ပြန်လည်ပြုပြင်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေး
Oct 05,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ညနေပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ဆင်သေချောင်းကူးတံတား (ပုပ္ပါးကုန်း) သို့ သွားရောက်၍ ဆင်သေချောင်း ရေလမ်းကြောင်းပြောင်းလဲမှုအခြေအနေများ၊ ချောင်းကမ်းပါး တိုက်စားမှုများကို ပြန်လည်ပြုပြင်မည့်အခြေအနေများ၊ ချောင်းကမ်းထိန်းနံရံဆောင်ရွက်မည့်အခြေအနေများ၊ တံတားချဉ်းကပ်လမ်း ပြင်ဆင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။