သတင်းများ

လှည်းကူးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး
Oct 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များက မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက်များတွင် ယနေ့ကွင်းဆင်းကောက်ယူမှုများကို ဆက်လက်ဆောင်ရွက်သည်။
ချောင်းသာမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Oct 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း သတ်မှတ်ကောက်ကွက်များတွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
သန်လျင်ခရိုင်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှု တိုင်းဒေသကြီးဝန်ကြီး ကြည့်ရှုအားပေး
Oct 04,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် သန်လျင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့်အဖွဲ့ဝင်များအားတွေ့ဆုံ၍ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားသည်။
မင်းဘူးခရိုင်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် ဧကပေါင်း ၁၇၄၀၀၀ ကျော် စိုက်ပျိုးပြီးစီး
Oct 04,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်းအတွင်းရှိ မြို့နယ်(၅)ခု၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဆန်၊ စပါးဖူလုံပေါများစေရန် မိုးစပါးကို ဧကပေါင်း ၁၇၄၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး စီမံကိန်းလျာထား ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ကလောမြို့နယ်၌(၁/၂၀၂၄)အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
Oct 04,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်‎ရေးနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက စနစ်တကျဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် (၁/၂၀၂၄)အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းစုလီမိတက် ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
Oct 04,2024
ရန်ကုန်တိုင်း အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၃ -၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အသင်းစုဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးမှူး ဒေါ်အေသူမြင့်နှင့် တာဝန်ရှိသူများ၊ အသင်းသား၊ အသင်းသူများ တက်ရောက်ခဲ့ကြသည်။
လွိုင်လင်မြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆူံရှုံးသွားသည့်နေအိမ်များ၊ အသက်သေဆုံးသူများအတွက် ထောက်ပံ့ပေးအပ်
Oct 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့်နေအိမ်များနှင့် အသက်သေဆုံးသူများအတွက် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Oct 04,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်ပြီး  သိရှိလိုက်နာကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်၍  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယမန်နေ့မွန်းလွဲ  ၂  နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။