ချောင်းသာ အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း သတ်မှတ်ကောက်ကွက်များတွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
ချောင်းသာမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့ရပ်ကွက် (၃)ခုတွင် ကောက်ကွက်ပေါင်း (၂၇)ခုနှင့် ကျေးရွာအုပ်စု (၁)စုတွင် ကောက်ကွက်ပေါင်း (၁၂)ခုတို့ရှိပြီး ဆရာ၊ ဆရာမ (၉) ဦး၊ Volunteer (၄) ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် စာရင်းစစ်၊ စာရင်းကောက် အဖွဲ့ (၃) ဖွဲ့တို့က သတ်မှတ်ရက်အလိုက် ကောက်ကွက်များသို့ ကွင်းဆင်း၍ CAPI စနစ်ထည့်သွင်းထားသည့် Mobile Tablet များဖြင့် စနစ်တကျကောက်ယူလျက်ရှိကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)